Wednesday, August 5, 2009

ကျွန်ုပ်ဘက်က ကိစ္စများ


ဒီအသီးကို ဘယ်အပင်က ခူးသလဲလို့
သင်တို့ ငါ့ကိုမေးကြ။

ဒီအင်္ကျီကို ဘယ်ဆိုင်က ချုပ်ခဲ့သလဲလို့
သင်တို့ ငါ့ကိုမေးကြ။

ဒီသရဖူကို ဘယ်သူက ဆောင်းပေးခဲ့သလဲလို့
သင်တို့ ငါ့ကိုမေးကြ။

မေးခွန်းများဟာ လျှာများကို အပျင်းပြေစေတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ တောင်ပံတစ်စုံ ရှိတယ်။

ငါ့မှာ...
ဝှက်ထားတဲ့ ကောင်းကင်တစ်စုံ ရှိတယ်။

သစ္စာနီ (မိုးဝေ - ၁၉၈၇)

No comments: