သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
၂၃၁/၂ ဒီဂရီ တိမ်းစောင်းခဲ့ပြီ
ကျေးပိုင် ကျွန်ပိုင်ခေတ် ဖြစ်ထွန်းခဲ့ပြီ
အိုဇုန်းလွှာ ပေါက်ပြဲခဲ့ပြီ။
သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
လ ပေါ်မှာ ခြေချခဲ့ပြီ
အချိန်ကာလကို စက်တပ်ခဲ့ပြီ
အလင်းရောင်ကို ချုပ်နှောင်ခဲ့ပြီ။
သဘောတူသည် ဖြစ်စေ
သဘောမတူသည် ဖြစ်စေ
ဆော့ခရတ္တိ အဆိပ်သောက်ခဲ့ပြီ
နောဧသင်္ဘောကိုဆောက်ဖို့ နောက်ကျခဲ့ပြီ
ဘုရာသခင်ဟာ ကြွေအန်ကစားခဲ့ပြီ။
သစ္စာနီ (Idea - စက်တင်ဘာ၊ ၂၀၀၀)
No comments:
Post a Comment