လောကဓံတရားဆိုတာ
ရှစ်ပါးထက်မပို
သင့်နာရီကို လောလောဆယ်တိုက်ဖို့မလို
တစ်ယောက်နဲ့တစ်ယောက် ညီဖို့မလို
မက်ဒေါနားကို ကျွန်တော်ကြိုက်ဖို့မလို
အဲသလို လက်ခံပြီဆိုရင်
လာလေ သွားကြစို့
သီချင်းတွေရှိတဲ့ လက်ဘက်ရည်ဆိုင်
ကုလားထိုင်မှာ ဘာမှအပြစ် မရှိပါဘူးကွယ်။
ဘယ်ရီကရင်ကိုလွမ်းတဲ့ ဆံပင်များ
ခွဲထွက်သွားတဲ့ ထိပ်ပါးပါးနဲ့
ငါလေ… တစ်ခါတုန်းက
ဝ,လုံးကို ဝိုင်းအောင်ရေးဖို့က
ရည်မှန်းချက် စခဲ့တဲ့ သူပဲပေါ့။
ဟေ့ သူငယ်
ပြက္ခဒိန်စာရွက်ကိုဆုတ်
စက္ကူလှေ မလုပ်လိုက်ပါနဲ့။
တစ်နပ်စာအတွက် ပင်လယ်
ရယ်မောမှုကို ကုတ်နဲ့ကော်ရ
ရောင်စုံပူဖောင်းရောင်းသမား
တစ်ခါတစ်လေ ထီပေါ်မှာ အတိတ်ရေးမိ
ပိတ်ကားပေါ်က ဒင်းကလေးအကြောင်းပြော
မာကျောသော အရာတစ်ခုတော့ရှိရဲ့
အဲဒါဟာ ကျွန်တော့်ယပ်တောင်ပါ
အနတ္တလက္ခဏသုတ်လည်းပါ
ရာသီအလိုက်ပွင့်တဲ့ ပန်းတွေလည်းပါ
ဂြိုဟ်တုသတင်းလည်းပါ (အဲသလိုနဲ့)
ပါဝါများများတိုး(မျက်မှန်)
သွေးများများတိုး
အသိဉာဏ်ကလည်း နည်းနည်းတိုးခဲ့ရ။
ကလေးတွေကို လှည့်စားရန်
နံရံတွင် အရုပ်ဖြင့်ပြုလုပ်
အရုပ်ပေါင်းများစွာ
ကျွန်ုပ်တို့လက်များ လိမ္မာကြစို့။
သစ္စာနီ (ရသမိုးကောင်းကင်(၁) ကဗျာမဂ္ဂဇင်း)
Wednesday, August 12, 2009
ထိုတောအုပ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment