ကျွန်တော်သည် ဝတ္ထုတိုရေးသူ ဖြစ်ပါသည်။ ဝတ္ထုတိုရေးသူ၏ အလုပ်မှာ ဝတ္ထုကို ရေးခြင်း ဖြစ်ပါသည်။ ကျွန်တော့်တွင် စာရေးစားပွဲတစ်လုံးရှိကာ ထိုစားပွဲတွင် ထိုင်၍ ဝတ္ထုတိုများကို ရေးသားလေ့ရှိပါသည်။ ကျွန်တော့်စားပွဲမှာ စာရေးဆရာတစ်ဦး၏ သာမန် စားပွဲမျိုးဖြစ်သဖြင့် ဇာချဲ့ဖော်ပြရန် လိုအပ်မည် မထင်ပါ။ ကျွန်တော့်အတွက်မူ ဤစားပွဲမှာ အထိုက်အလျှောက် တန်ဖိုးထားစရာဟု ဆိုနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော့် ဝတ္ထု တို တော်တော်များများမှာ ဤစားပွဲပေါ်မှပင် ပေါက်ဖွားကာ မဂ္ဂဇင်းစာမျက်နှာပေါ် ရောက်ရှိသွားပြီး၊ စာဖတ်သူများထံ စိမ့်ဝင်ပျံ့နှံ့သွားသော ကြောင့် ဖြစ်ပါသည်။ ထိုဝတ္ထုတိုများကို လူတို့ ဖတ်ရှုသိရှိသွားကြသော်လည်း ဝတ္ထုတိုရေးသူအကြောင်းကိုတော့ သိရှိကြလိမ့်မည် မထင်ပါ။ သိရန် လည်း လိုအပ်လှသည် မထင်ပါ။ မုန့်ဟင်းခါး ဝယ်စားသူသည် မုန့်ဟင်းခါးချက်နည်းအကြောင်း သိဖို့မလိုသကဲ့သို့ ဖြစ်ပေလိမ့်မည်။
တစ်ရက်တွင် ထိုစားပွဲသို့ ထိုင်၍ ဝတ္ထုတိုတစ်ပုဒ် ရေးသားနေစဉ် ကျွန်တော့် စားပွဲဆီသို့ လျှောက်လာသော ခြေသံကို ကြားရကာ စားပွဲရှေ့မှ ကုလားထိုင်ကိုပါ ဆွဲယူထိုင်လိုက်သော အသံကို တစ်ဆက်တည်း ကြားလိုက်ရပါသည်။ စာရေး ရပ်ကာ မော့ကြည့်လိုက်သော် လူစိမ်း တစ်ယောက်ကို တွေ့ရပါသည်။ (လူစိမ်းတစ်ယောက်ဟု သုံးနှုံးလိုက်ရသော်လည်း ဤမျက်နှာမျိုး မြင်ဖူးသလို ခံစားလိုက်ရသည်။) နှစ်ရှည်လများ အသိအကျွမ်းဟောင်းထဲကတော့ မဟုတ်။ အသိအကျွမ်းအသစ်ထဲက ဖြစ်မည်။ ကျွန်တော်၏ အားနည်းချက်က လူများနှင့် အမည်များကို လွယ်လွယ် ကူကူ မမှတ်မိတတ်ခြင်းဖြစ်သည်။ လူတစ်ယောက်ကို (၅) ခါလောက် မြင်ဖူးရုံဖြင့် မမှတ်မိတတ်ပေ။ ကျွန်တော်၏ ဇဝေဇဝါမျက်နှာကို ငေးကြည့်ကာ ထို လူစိမ်းဟာ သဘောပေါက်သွားပုံ ရပါသည်။
ဝန်မခံချင်သဖြင့် ကျွန်တော်ခေါင်းကို အလျှင်အမြန် အလုပ်ပေးလိုက်၏။ သူ့ကို ဘယ်မှာ တွေ့ဖူးခဲ့သလဲ။ ကာရာအိုကေ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ ဟော်တယ်၊ အရက်ဆိုင်၊ ပင်လယ်ကမ်းခြေ၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဝိပဿနာရိပ်သာ၊ ဤနေရာများသို့ ကျွန်တော် မရောက်ဖူးသဖြင့် ထိုနေရာများတွင် တွေ့ဆုံခဲ့ခြင်း မဖြစ်နိုင်။
ရေးလက်စ (မပြီးသေးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် သူ့အမည်ကို ကျွန်တော်က သူ့ကွယ်ရာတွင် ခေါ်သော အမည်ဖြစ်သည်။ ပုံမှန် အားဖြင့်မူ ကျွန်တော်သည် ဝတ္ထုများကို ရေးပြီးမှ နာမည်ပေးလေ့ ရှိပါသည်။) ကို ရေးပါမည်ဟု ဝန်ခံလိုက်သော်လည်း တော်တော်နှင့် မရေးဖြစ်ခဲ့ ပြန်ချေ။ ဝတ္ထုတစ်ပုဒ်ရေးရတာ ပန်းစိုက်ရတာနဲ့မတူ။ ဘယ်ရာသီကျလျှင် ပွင့်မည်ဟု တိတိကျကျ သတ်မှတ်ထား၍ မရ။ ကျွန်တော့်ကို ဝတ္ထုတို ရေးပေးရန် တောင်းထားသော မဂ္ဂဇင်းတွေ အတော်အတန်ရှိပါသည်။ သို့သော် ဝတ္ထုရေးရတာ မလွယ်။ စိတ်ရော ကိုယ်ပါ ဝင်စားမှ၊ အချိန်အားမှ၊ အခါကိုက်မှ၊ အခြေအနေပေးမှ၊ အတိုင်းအဆ အကန့်အသတ် အဖိအဖော့ စသည်ဖြင့် အခက်အခဲတွေက တော်တော်များများ ရှိနေသည်။
ဤနောက်ပိုင်းတွင် ရေးလက်စ သည် ကျွန်တော့်ထံသို့ မကြာခဏ ရောက်ရောက်လာတတ်ကာ တစ်ကြိမ်ထက် တစ်ကြိမ် သူ့ကို ပြီးအောင် မရေးသည့်အတွက် သည်းမခံနိုင်အောင် ဖြစ်နေပုံလည်း ရလေသည်။ သူ ကျွန်တော့်ဆီမှ ပြန်သွားတိုင်း အခန်းတံခါးကို ဒေါသဖြင့် ဆောင့်ပိတ်သွားတတ်၏။ ကျွန်တော်ကတော့ သူ့ကို ကြည့်ရတာ အားမရ။ သွေးဆုတ်နေသည့် လူနာလို တစ်ကြိမ်ထက် တစ်ကြိမ် ဖျော့တော့အားနည်းလာသည် ထင်ရ၏။
မှန်သည့်အတိုင်းဝန်ခံရလျှင် ရေးလက်စ ရောက်မလာသည့်အတွက် ပထမပိုင်းတွင် ကျွန်တော် ဝမ်းမြောက်နေခဲ့မိသည်။ သူ ရောက်လာလျှင် သူ့ကို ဆင်ခြေပေးရန် စကားလုံးများ ကျွန်တော့်ထံတွင် တစ်နေ့တစ်ခြား ရှားပါးလာသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျွန်တော်သည် “ရေးလက်စ” ကို မေ့လျော့၍ သွားပါသည်။
ကျွန်တော် ဝတ္ထုတိုအသစ်များ ရေးဖြစ်သည်။ တချို့ကို ဆုံးသည့်တိုင်အောင် ရေးဖြစ်သည်။ တချို့က မဂ္ဂဇင်း စာမျက်နှာများပေါ် ရောက်ရှိသွားသည်။ တချို့က မရောက်။ တချို့ကိုတော့ ထုံးစံအတိုင်း အဆုံးမသတ်နိုင်ခဲ့။ ဝတ္ထုတိုရေးသူ တစ်ယောက်အဖြစ် ကျွန်တော်သည် ကျွန်တော့် ဝတ္ထုတိုများနှင့် ထွေးလုံးရစ်ပတ်အချိန်ကုန်နေဆဲ တစ်နေ့၌ ကျွန်တော့် စာကြည့်ခန်းထဲတွင် ထွက်ပေါ်နေသော အပုပ်နံ့ကို သတိပြုမိ လိုက်၏။ စာအုပ်စင်ထဲမှာ ကြွက်တစ်ကောင် သေဆုံးနေလေသလား။ ကျွန်တော့်စာအုပ်စင်ရှိ စာအုပ်များကို ကိုက်ဖြတ်ကာ ကြွက်များသည် မကြာ ခဏ အသိုက်လုပ်နေတတ်၏။ သို့သော် ကြွက်သေကောင် မတွေ့။ စာအုပ်များကြားတွင် မတော်တဆ ညှပ်မိကာ အိမ်မြှောင်များလည်း သေနေ တတ်ကြ၏။ သို့သော် အိမ်မြှောင် အသေကောင်ဟူ၍ ရှာမတွေ့။ နောက်ဆုံး အသေအချာ စူးစမ်းကြည့်သောအခါ ထိုအပုပ်နံ့သည် ကျွန်တော်၏ စာရေးစားပွဲ အံဆွဲတစ်ခုမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုကြောင့် အံဆွဲ ဆွဲဖွင့်ကြည့်ကာ ရှာဖွေကြည့်လိုက်သောအခါ မတွေ့ရတာကြာပြီဖြစ်သော “ရေးလက်စ” ကို တွေ့ရလေသည်။ သူသည် ဘယ်အချိန်က သေဆုံးနေလေသည်မသိ။ သူ့ကိုယ်မှ အပုပ်နံ့ထွက်၍ပင်နေလေပြီ။
သစ္စာနီ (ဝတ္ထုတို ၆၀)

ခင်ဗျား ကျုပ်ကို မမှတ်မိဘူး မဟုတ်လားဟု မေးပါသည်။
ဝန်မခံချင်သဖြင့် ကျွန်တော်ခေါင်းကို အလျှင်အမြန် အလုပ်ပေးလိုက်၏။ သူ့ကို ဘယ်မှာ တွေ့ဖူးခဲ့သလဲ။ ကာရာအိုကေ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ ဟော်တယ်၊ အရက်ဆိုင်၊ ပင်လယ်ကမ်းခြေ၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဝိပဿနာရိပ်သာ၊ ဤနေရာများသို့ ကျွန်တော် မရောက်ဖူးသဖြင့် ထိုနေရာများတွင် တွေ့ဆုံခဲ့ခြင်း မဖြစ်နိုင်။
ခင်ဗျားနဲ့ကျွန်တော် ဘတ်စ်ကားမှတ်တိုင်မှာ စကြုံခဲ့ကြတယ်လေထိုသူက ထိုသို့အစဖော်ပေးလိုက်သည့်တိုင်အောင် ထိုလူစိမ်း၏ အမည်ကို ကျွန်တော် စဉ်းစား၍ မရသေး။ ထို့ကြောင့် . . .
ဆောရီးပဲ။ အစဖော်လို့မရဘူး။ ခင်ဗျားနာမည်ကို ပြောပါဦးဟု မေးလိုက်မိ၏။ လူစိမ်းက
ကျွန်တော့်မှာ နာမည်မရှိဘူး
ဗျာ... ဘာဖြစ်လို့လဲ
ခင်ဗျားမှ ပေးမှမထားပဲ
ခင်ဗျားရဲ့နာမည်ကို ကျွန်တော်က ဘာလို့ ပေးရမှာလဲ
ကျုပ်က ခင်ဗျားရဲ့ရေးလက်စ ဝတ္ထုတစ်ပုဒ်လေဒီတော့မှ သူ့ကို ကျွန်တော် တစ်စွန်းတစ်စ မှတ်မိလေသည်။ လွန်ခဲ့သော သုံးလခန့်က ဘတ်စ်ကားမှတ်တိုင်တွင် ကားစောင့်နေစဉ် ဝတ္ထုတစ်ပုဒ် ရေးရန် အခြေခံစိတ်ကူးကို ရခဲ့သည်။ အိမ်ရောက်သောအခါ စားပွဲတွင် ထိုင်ကာ ချရေးကြည့်ခဲ့သည်။ ပြီးဆုံးအောင် အဆုံးမသတ်နိုင် ခဲ့။ ဤဝတ္ထုကို တစ်ဝက်တစ်ပျက်နှင့် ရပ်ဆိုင်းထားခဲ့ရသည်။
ခင်ဗျား ကျုပ်ကို ဘယ်တော့မှ ဆက်ရေးဖြစ်မှာလဲဤကိစ္စမှာ ကျွန်တော့်ရှေ့သို့သူ ရောက်လာခဲ့ခြင်း၏ အကြောင်းအရင်းဖြစ်ပုံရ၏။ သူ ကျေနပ်အောင်
ကျွန်တော် ဆက်ရေးမှာပါ။ ဒါပေမယ့် ဝတ္ထုတစ်ပုဒ် ရေးရတယ်ဆိုတာ မလွယ်ဘူးဗျဟု ဆင်ခြေပေးရန် ကြိုးစားလိုက်သည်။ သူက လက်မခံ။
ဒီစကားဟာ ခင်ဗျားတို့စာရေးဆရာတွေ ထမင်းရေပူလျှာလွှဲ ပြောတတ်တဲ့စကားပါ။ ကိုယ့်အလုပ်ကို ကြီးကျယ်တယ်လို့လူတွေ အထင်ခံရအောင် တန်းတင်နေကြတာ မဟုတ်လားကျွန်တော့်တွင်တော့ တကယ်ပင် အခက်အခဲတွေ ရှိနေသည်။ ဝတ္ထုတစ်ပုဒ် ဖြစ်မြောက်ဖို့ရန်မှာ နှလုံးသား လိုသည်။ ပြီးတော့၊ ပြီးတော့ ကျွန်တော် ရှင်းပြတာတွေကို ငြိမ်သက်စွာ နားထောင်ကာ ပြန်သွားသည်။ သူက ပြန်ခါနီးတွင်
မြန်မြန်ရေးဗျာဟု တောင်းဆိုသွားသေး သည်။
ရေးလက်စ (မပြီးသေးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည့် သူ့အမည်ကို ကျွန်တော်က သူ့ကွယ်ရာတွင် ခေါ်သော အမည်ဖြစ်သည်။ ပုံမှန် အားဖြင့်မူ ကျွန်တော်သည် ဝတ္ထုများကို ရေးပြီးမှ နာမည်ပေးလေ့ ရှိပါသည်။) ကို ရေးပါမည်ဟု ဝန်ခံလိုက်သော်လည်း တော်တော်နှင့် မရေးဖြစ်ခဲ့ ပြန်ချေ။ ဝတ္ထုတစ်ပုဒ်ရေးရတာ ပန်းစိုက်ရတာနဲ့မတူ။ ဘယ်ရာသီကျလျှင် ပွင့်မည်ဟု တိတိကျကျ သတ်မှတ်ထား၍ မရ။ ကျွန်တော့်ကို ဝတ္ထုတို ရေးပေးရန် တောင်းထားသော မဂ္ဂဇင်းတွေ အတော်အတန်ရှိပါသည်။ သို့သော် ဝတ္ထုရေးရတာ မလွယ်။ စိတ်ရော ကိုယ်ပါ ဝင်စားမှ၊ အချိန်အားမှ၊ အခါကိုက်မှ၊ အခြေအနေပေးမှ၊ အတိုင်းအဆ အကန့်အသတ် အဖိအဖော့ စသည်ဖြင့် အခက်အခဲတွေက တော်တော်များများ ရှိနေသည်။
ဤနောက်ပိုင်းတွင် ရေးလက်စ သည် ကျွန်တော့်ထံသို့ မကြာခဏ ရောက်ရောက်လာတတ်ကာ တစ်ကြိမ်ထက် တစ်ကြိမ် သူ့ကို ပြီးအောင် မရေးသည့်အတွက် သည်းမခံနိုင်အောင် ဖြစ်နေပုံလည်း ရလေသည်။ သူ ကျွန်တော့်ဆီမှ ပြန်သွားတိုင်း အခန်းတံခါးကို ဒေါသဖြင့် ဆောင့်ပိတ်သွားတတ်၏။ ကျွန်တော်ကတော့ သူ့ကို ကြည့်ရတာ အားမရ။ သွေးဆုတ်နေသည့် လူနာလို တစ်ကြိမ်ထက် တစ်ကြိမ် ဖျော့တော့အားနည်းလာသည် ထင်ရ၏။
ခင်ဗျား ကျွန်တော့်ကို ရေးဖြစ်တော့မယ် မထင်ပါဘူးသူ့အသံမှာ စိတ်ပျက်အားလျော့မှုဖြင့် တိုးညှင်းနေသည်။
ကျွန်တော် ရေးမှာပါဤသို့ပြောလိုက်သော ကျွန်တော့်အသံမှာလည်း တက်တက်ကြွကြွ မရှိလှကြောင်း မိမိဘာသာ သိရှိနေသည်။ သူ့ကို ရေးရန် ကျွန်တော်သည် အမှန်တကယ်ပင် ရည်ရွယ်ချက်ရှိခဲ့သည်။ သို့သော် အကြောင်းကြောင်းကြောင့်...
အင်းလေ ခင်ဗျားမှာ အခက်အခဲရှိမှာပေါ့နောက်ဆုံးတော့ သူလည်း သဘောပေါက် နားလည်သွားပုံရသည်။ ဖြည်းညှင်းစွာ ကျောခိုင်းလျှောက်ရင်း အခန်းထဲက ထွက်သွားခဲ့ သည်။ ခါတိုင်းထွက်လျှင် ဒိုင်းခနဲမြည်အောင် ဒေါသဖြင့် ဆောင့်ပိတ်ထားခဲ့တတ်သော တံခါးကို နောက်တစ်ခေါက် သူ ပြန်လာဦးမည့်အတိုင်း၊ ဒီအတိုင်းပင် ဖွင့်ထားခဲ့သည်။ သို့သော် သူသည် ကျွန်တော့်ထံသို့ အချိန်အတော်ကြာသည့်တိုင်အောင် ရောက်မလာခဲ့တော့ပါ။
မှန်သည့်အတိုင်းဝန်ခံရလျှင် ရေးလက်စ ရောက်မလာသည့်အတွက် ပထမပိုင်းတွင် ကျွန်တော် ဝမ်းမြောက်နေခဲ့မိသည်။ သူ ရောက်လာလျှင် သူ့ကို ဆင်ခြေပေးရန် စကားလုံးများ ကျွန်တော့်ထံတွင် တစ်နေ့တစ်ခြား ရှားပါးလာသောကြောင့်ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ကျွန်တော်သည် “ရေးလက်စ” ကို မေ့လျော့၍ သွားပါသည်။
ကျွန်တော် ဝတ္ထုတိုအသစ်များ ရေးဖြစ်သည်။ တချို့ကို ဆုံးသည့်တိုင်အောင် ရေးဖြစ်သည်။ တချို့က မဂ္ဂဇင်း စာမျက်နှာများပေါ် ရောက်ရှိသွားသည်။ တချို့က မရောက်။ တချို့ကိုတော့ ထုံးစံအတိုင်း အဆုံးမသတ်နိုင်ခဲ့။ ဝတ္ထုတိုရေးသူ တစ်ယောက်အဖြစ် ကျွန်တော်သည် ကျွန်တော့် ဝတ္ထုတိုများနှင့် ထွေးလုံးရစ်ပတ်အချိန်ကုန်နေဆဲ တစ်နေ့၌ ကျွန်တော့် စာကြည့်ခန်းထဲတွင် ထွက်ပေါ်နေသော အပုပ်နံ့ကို သတိပြုမိ လိုက်၏။ စာအုပ်စင်ထဲမှာ ကြွက်တစ်ကောင် သေဆုံးနေလေသလား။ ကျွန်တော့်စာအုပ်စင်ရှိ စာအုပ်များကို ကိုက်ဖြတ်ကာ ကြွက်များသည် မကြာ ခဏ အသိုက်လုပ်နေတတ်၏။ သို့သော် ကြွက်သေကောင် မတွေ့။ စာအုပ်များကြားတွင် မတော်တဆ ညှပ်မိကာ အိမ်မြှောင်များလည်း သေနေ တတ်ကြ၏။ သို့သော် အိမ်မြှောင် အသေကောင်ဟူ၍ ရှာမတွေ့။ နောက်ဆုံး အသေအချာ စူးစမ်းကြည့်သောအခါ ထိုအပုပ်နံ့သည် ကျွန်တော်၏ စာရေးစားပွဲ အံဆွဲတစ်ခုမှ ထွက်ပေါ်လာနေခြင်းဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုကြောင့် အံဆွဲ ဆွဲဖွင့်ကြည့်ကာ ရှာဖွေကြည့်လိုက်သောအခါ မတွေ့ရတာကြာပြီဖြစ်သော “ရေးလက်စ” ကို တွေ့ရလေသည်။ သူသည် ဘယ်အချိန်က သေဆုံးနေလေသည်မသိ။ သူ့ကိုယ်မှ အပုပ်နံ့ထွက်၍ပင်နေလေပြီ။
သစ္စာနီ (ဝတ္ထုတို ၆၀)
No comments:
Post a Comment